21 February 2015

ဘာလဲဟဲ့ ကိုးကန့် 果敢族

      မြည်းနှင့်မြင်းစပ်၍ကျသော သတ္တဝါတစ်မျိုးကို လားဟုခေါ်သည်။ ထို့ကြောင့် မျိုးမစစ်သော သတ္တဝါမှာ လားဖြစ်၏။ 
      တရုတ်ပြည်တွင် တိုင်းရင်းသား ၅၆ မျိုးရှိ၏။ လူမျိုးကြီး 汉族 တရုတ်များကို ဖယ်ထုတ်လိုက်ပါက ၅၅ မျိုးကျန်မည်ဖြစ်၏။ တရုတ်ဘာသာဖြင့် 少数民族 ဟုခေါ်ကာ မြန်မာလို လူနည်းစု တိုင်းရင်းသားဟု အဓိပ္ပါယ်ရ၏။
     ကွမ်တုန်းလူမျိုး၊ ဖူကျန့်လူမျိုး၊ ယူနန်လူမျိုး၊ စီချွမ်လူမျိုး၊ ဟူနန်လူမျိုး၊ ဟူပေလူမျိုး ကွမ်ရှီးလူမျိုး ဟူ၍ မရှိပေ။ ၎င်းတို့မှာ 汉族 ခေါ်တရုတ်လူမျိုးများသာ ဖြစ်၏။ တရုတ်ပြည်သည် နိုင်ငံဧရိယာကြီးမားကျယ်ပြန့်ပြီး လူဦးရေထူထပ်များပြားလွန်းသဖြင့်သာ ဒေသအလိုက် ဓလေ့ထုံးတမ်းများနှင့် ဘာသာစကား ကွဲပြားခြင်းသာ၊ 汉 လူမျိုးမှာ အတူတူပင်ဖြစ်၏။ ဥပမာဆိုရလျှင် ရန်ကုန်ရှိဗမာ၊ မန္တလေးရှိဗမာ၊ ပဲခူးရှိဗမာ အစသဖြင့် ဗမာမှန်လျှင် အခြေခံ ဗမာစကား ထုံးတမ်း ဓလေ့ကွဲပြားမှု ကြီးမားစွာမရှိပဲ တရုတ်ပြည်တွင် ကွမ်တုန်းပြည်နယ်မှ တရုတ်လူမျိုးမှာ ကွမ်တုန်းစကားပြော၍ ကိုယ်ပိုင်ဓလေ့ထုံးတမ်းများရှိ၍၊ ဖူကျန့်ပြည်နယ်မှ တရုတ်လူမျိုးမှာ ဖူကျန့်ဘာသာစကား ဓလေ့ထုံးတမ်းသီးသန့်ရှိလေ၏။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား ကွဲပြားမှသာ ဘာသာစကား ဓလေ့ထုံးစံကွဲပြားသော်လည်း တရုတ်နိုင်ငံတွင် နေရာဒေသ အလိုက် လူမျိုးတစ်မျိုးတည်းပင် အမျိုးမျိုး ကွဲပြားသော ဘာသာစကားဓလေ့ထုံးတမ်းများ ကွာခြားချက်ရှိခြင်းဖြစ်၏။ ဖူကျန့်တစ်ပြည်နယ်၌ပင် ဘာသာစကား မျိုးကွဲပေါင်း သုံးဆယ်ကျော် ရှိသည်ကိုကြည့်ပါက ဤအချက်ကို စာဖတ်သူ သဘောပေါက်နားလည် လိမ့်မည်ဟုထင်ပါသည်။
     ထိုသို့ဖြစ်ရခြင်းမှာ တိုးတက်ဖွင့်ဖြိုးမှု မရှိစဉ် ခေတ်များစွာ၌ မိမိတို့မွေးဖွားကြီးပြင်းရာ ဒေသမှာပင် ဘဝတစ်လျောက်လုံး နေထိုင်၊လုပ်ကိုင်စားသောက်ခဲ့ကြပြီး အပြင်လောက ပါတ်ဝန်းကျင် ထိတွေ့မှုနည်းပါးသောကြောင့် လူမျိုးခြင်းတူသော်လည်း ကိုယ့်အဝန်းအဝိုင်း တစ်ခုလျှင် သီးသန့် ဘာသာစကားထုံးတမ်းဓလေ့ ပေါက်ဖွားလာခြင်းပင်။ ကွမ်တုန်းပြည်နယ်မြို့တော် ကွမ်ကျိုးတွင် ပြောသောစကားနှင့် ခြောက်နာရီမျှ ကားစီးရသော ကျယ်ယန်မြို့မှ စကား လုံးလုံးမတူပေ။ ကွမ်ကျိုးနှင့် တစ်နာရီကျော်သာ ဝေးသော 四会 မြို့နှင့် အနည်းငယ်ကွဲပြားပြန်သည်။ တစ်နာရီခွဲခန့်ဝေးသော ဟောင်ကောင်နယ်စပ် 深圳မြို့နှင့်လည်း အချို့မတူ။ 
    တဖန် တိုင်းရင်းသား လူနည်းစုကို ကြည့်ပြန်လျှင် မိမိလူမျိုးအသီးသီး၏ ဘာသာ စကားများ ဓလေ့ထုံးတမ်းများ ကိုယ်စီရှိကြလေသည်။ ဤတစ်ချက်သာ မြန်မာနိုင်ငံနှင့် ဆင်တူတော့သည်။ လူနည်းစု တိုင်းရင်းသားအဖြစ် သတ်မှတ်ထားသူများထဲတွင် အနည်းငယ် စိတ်ဝင်စားစရာ လူမျိုးအချို့ကို ထည့်ရေးလိုက်ပါတယ်၊

ထိုင်ဝမ်ကျွန်းမှဌာနေတိုင်းရင်းသား ကောင်းစန်း လူမျိုး 高山族: လူဦးရေ 400,000

ရုရှလူမျိုး 俄罗斯族: လူဦးရေ 15,393

ရှမ်းလူမျိုး 傣族: လူဦးရေ 1,025,128

ကချင်လူမျိုး 景颇族: လူဦးရေ 119,209

ဝ လူမျိုး 佤族: လူဦးရေ 429,709

၎င်းတိုင်းရင်းများတွင် ကိုးကန့်ဟူ၍ မပါပါ။ ကိုးကန့်လူမျိုးမရှိသောကြောင့်ပင်။အဘယ့်ကြောင့်ဆိုသော် ကိုးကန့် 果敢 ဆိုသောသူများသည် တရုတ်လူမျိုး 汉族 များကိုယ်တိုင်ပင် ဖြစ်သောကြောင့်ပင်။ ဒီထက်ရှင်းအောင်ပြောရလျှင် တရုတ်နိုင်ငံသား လူနည်းစု တိုင်းရင်းသားပင်မဟုတ်ဘဲ တရုတ်လူမျိုးစစ်စစ်များပင် ဖြစ်၏။ 

ဝ လူမျိုးတစ်ဦးအား တွေ့ရစဉ်


U.W.S.A ခေါ် ဝပြည်စည်းလုံးညီညွတ်ရေး တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်

  ဝလူမျိုး佤族 သည် တရုတ်နိုင်ငံယူနန်ပြည်နယ်တွင် အမှန်တကယ် တိုင်းရင်းသားလူနည်းစုဖြစ်၏။ အသားအရေမှာ မြန်မာလူမျိုး အညာသားကြီးများထက်ပင် မည်းပြောင်နေပြီး ဝတိုင်းရင်းသား ဘာသာစကား ပြောကြ၏( ဝ တပ်ဖွဲ့ထဲမှ တရုတ်ထိပ်တန်းခေါင်းဆောင်များကို မဆိုလို)။ 
      
U.W.S.A ခေါ် ဝပြည်စည်းလုံးညီညွတ်ရေး တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်

    တစ်ခါက မိတ်ဆွေတစ်ယောက် ပြန်ပြောပြသည့် ကိုယ်တွေ့အဖြစ်အပျက်မှာ သူတို့ကိုယ်တိုင် ရီရမလိုငိုရမလို ဖြစ်ခဲ့ဖူးသော ဖြစ်ရပ်မှန်ဇာတ်လမ်း တစ်ပုဒ်မှာ။ ကွန်မြူနစ်များ ပဲခူးရိုးမမှ တရုတ်နယ်စပ်သို့ ပြောင်းသွားစဉ်က ဇာတ်လမ်းလေးဖြစ်၏။ ဝနယ်မြေတွင် ပါတီရေးရာ သင်တန်များပို့ချရန်၊တပ်သားသစ် စုဆောင်းရန်၊ နယ်မြေစည်ရုံးရေးတာဝန်ဖြင့် ဝတောင်ပေါ်ကျေးရွာတစ်ခုသို့ ဗကပ စစ်တပ် တာဝန်ဖြင့် ရောက်ခဲ့၏။ ညရောက်သော် အဖွဲ့ငယ်များခွဲ၍ တည်းကြလေ၏။ နံက်မိုးလင်း၍ တပ်ပြန်စုသော် ဆယ်ယောက်တစ်စုမှာ ပေါ်မလာသဖြင့် သွားကြည့်ရာ တပ်သား ဆယ်ယောက်လုံး လူသာရှိ၍ ခေါင်းတစ်လုံးမှ မရှိကြတော့ပေ။ တပ်ဖွဲ့မှူးမှာ ဒေါသဖြစ်ပြီး တရားခံကို စစ်ဆေးသော်လည်း မည်သူမှမေးမရသည့်အပြင် ၎င်းတို့အား အံ့သြနားမလည်ဟန်ဖြင့်ပင် တရွာလုံးပြန်ကြည့်နေကြ၏။ နောက်ဆုံးမေးမရသည့်အခါ တစ်ရွာလုံး ကွင်းထဲတွင်စုထိုင်ခိုင်းပြီး မပြောလျှင် ပစ်သတ်မည်ဟု ခြိမ်းခြောက်လိုက်မှ အဖြစ်မှန်ကို သိရလေတော့၏။ အကြောင်းမှာ ၎င်းတို့သည် နတ်ကိုးကွယ်၍ နတ်ပူဇော်ကြရာ ကြက်ငှက်တိရိစ္ဆာန်များကိုသာ ခေါင်းဖြတ် ပူဇော်ပသရလေ့ရှိကြောင်း၊ ယ္ခုအခါရွာတွင် လူစိမ်းများရောက်လာသဖြင့် ယ္ခင်ကထက် ပိုမိုပြီးကောင်းမှုပြုခွင့်ကြုံသည့်အလျောက် ဧည့်သည်လူစိမ်းများဖြင့် ပူဇော်လိုက်ကြောင်း ပြောပြကာ နတ်စဉ်ရှိရာသို့ ခေါ်သွားပြရာ တပ်သားများ၏ ခေါင်းဆယ်လုံးပြန်ရခဲ့လေသည်။ ၎င်းတို့၏ အပြုအမူမှာ ရန်လိုသည့်သဘောလည်း မဆောင်ဘဲ၊ ရိုးသားစွာ နတ်တင်လိုက်သည်ဟုသာ နားလည်ထားကြလေ၏။ တပ်ဖွဲ့မှုးနှင့် ကျန်တပ်သားများမှာ မိမိလူဆယ်ယောက် ခေါင်းဖြတ်အသတ်ခံရ၍ အကြီးအကျယ် ဒေါသဖြစ်သော်လည်း နယ်မြေသစ်တွင် လူမျိုးစု တိုင်းရင်းသားများနှင့် ပရိပက္ခဖြစ်ခြင်းမျိုး မလိုလားသဖြင့် မူလရည်ရွယ်ချက် ပါတီရေးရာ သဘောထားရေးရာ သင်တန်းများပေးမည့် အစီအစဉ်ကိုဖျက်၍ နတ်ကိုးကွယ်မှု၊ ယာဇ်ပူဇော်မှု အစွဲချွတ်ရေးကို ပထမဦးစားပေး လုပ်ဆောင်ခဲ့ရလေတော့သည်။
    အချုပ်အားဖြင့်ပြောချင်သည်မှာ မသိနားမလည်သော ရိုးသားသည့် မြန်မာလူထုအား ကိုးကန့်လူမျိုးဖြစ်သည် ဝလူမျိုးဖြစ်သည်ဟု နာမည်အမျိုးမျိုးတပ်ကာ ကိုလိုနီပြုချင်နေသည့် တရုတ်များအကြောင်း သိစေလို၍သာ ဖြစ်ပါသည်။ ဤအတိုင်းသာ ကိုးကန့်ဆိုသူများကို ကိုးကန့်လူမျိုးဟု သုံးနှုံးခွင့်ပြုထားပါက၊ ဘင်္ဂါလီများကို ရိုဟင်ဂျာတိုင်းရင်းသားများဟုသာ ကျွန်ုပ်တို့ အားရပါးရကြီး ခေါ်လိုက်ကြပါစို့။ 
    လားအဖေ၊ လားအမေမရှိပါ။ လားမှ လားမမွေးပါ။ ထို့ကြောင့်မျိုးမစစ်လျှင် လားဟုပြောကြ၏။ လားတစ်ကောင်၌ မျိုးရိုးဂုဏ်မရှိပါ၊ ဇာတိဂုဏ်မရှိပါ။ သင်သည် လားမဖြစ်ပါစေနှင့်။

0 comments:

Post a Comment